Tag: ခြေမျက်စိ
-
တံတောင်ဆစ်တို့၊ ခြေမျက်စိတို့မှာ အညိုအမည်းစွဲရခြင်း
အဓိကအနေနဲ့ ပွတ်တိုက်မှုများလို့ ဖြစ်တာပါ။ အသားညိုတဲ့သူတွေ၊ မျိုးရိုးဗီဇအခံရှိသူတွေ၊ ထိခိုက်ပွတ်တိုက်မှုများသူတွေမှာ အများဆုံးဖြစ်ကြပါတယ်။ တင်ပလ္လင်ခွေထိုင်တဲ့အခါ ခြေမျက်စိကအပေါ် ခန္ဓာကိုယ်ဖိအားနဲ့ အောက်ခံကြမ်းခင်းကြားမှာ ဖိညပ်နေပြီး ပွတ်တိုက်တဲ့အတွက် အချိန်ကြာတဲ့အခါ အရေပြားတုံ့ပြန်မှုအနေနဲ့ အသားထူလာ၊ ကြမ်းလာပြီး အညိုအမည်းကွက်အနေနဲ့ တွေ့ရတာပါ။ ကုသရခက်ခဲပါတယ်။ အဓိကက ပွတ်တိုက်တာကို လုံးဝ ရှောင်ရပါမယ်။ ကုတ်တာ၊ ခြစ်တာ၊ ကြေးတွန်းကျောက်ခဲနဲ့ ပွတ်တာ၊ အဝတ်စကြမ်းကြမ်းနဲ့ပွတ်တာမျိုးတွေ အားလုံးပါတယ်။ ဆပ်ပြာလည်း လျှော့တိုက်ပါ။ ရေဆေး၊ ရေချိုးပြီးတိုင်း ဖွဖွသုတ်ပြီး ခရင်မ်ထူထူပျစ်ပျစ် ပုံမှန် လိမ်းပေးပါ။ Urea, Lactic acid, Petrolatum, Salycylic acid စတာတွေ ပါတာကို ရွေးချယ်ပါ။ #ဒေါက်တာစိုးဝင်းဦး အရေပြားအထူးကုဆရာဝန်ကြီး